Showing posts with label Just-4-Laughs. Show all posts
Showing posts with label Just-4-Laughs. Show all posts

Saturday, August 22, 2009

ဟာသပဒေသာ - ၂

အဘိုးအိုနှင့် ကြက်တူရွေး
အဘိုးအိုကြီးတစ်ဦး ဟာ ရှော့ပင်းမောကြီး ရဲ့ ခုံတန်းရှည်မှာထိုင်နေစဉ် ဆံပင်တွေကို ချွန်ထွက်နေအောင် ထောင်ထားတဲ့ လူငယ်တစ်ဦး ရောက်လာပြီး ဘေးမှာလာထိုင်တယ်။ လူငယ်ကဆံပင်ကို လဲ အဝါရောင်၊ အစိမ်းရောင်၊ ခရမ်းရောင် နဲ့လိမ္မော်ရောင် ချယ်ဆိုးထားတယ်..။ သူ့ရဲ့ မျက်လုံးတစ်ဝှိုက်ကိုလည်း အမဲရောင်တွေ ရစ်ကွင်းထားသေးတယ်....။
အဘိုးကြီး မျက်တောင်မခတ်ဘဲ လူငယ်ကိုငေးစိုက်ကြည့်နေလိုက်တယ်...။ ဒါကို လူငယ်သိတော့......
"""ဘာဖြစ်လို့ငေးစိုက်ကြည့်နေတာလဲ အဘိုးကြီး... ခင်ဗျားဘဝမှာ အထူးအဆန်းတွေ အံ့သြစရာတွေ တစ်ခါမှ မလုပ်ခဲ့ဖူးဘူးလား"""..
""" အာ...အေး..အေး . ရှိခဲတာပေါ့ ကွယ်.. တစ်ခါက ငါအရက်တွေအလွန် အကျွံသောက်ပြီး .. ကြက်တူရွှေးတစ်ကောင်ကို လိင်ဆက်ဆံလိုက်မိတယ်... အခုငါစဉ်းစားနေတာက... မင်းဟာ ငါ့သားလေးများဖြစ်နေမလားလို့ပါကွယ်...""

စိတ်ချ
လက်ထပ်တော့မည့် ချစ်သူနှစ်ဦး စကားပြောနေကြသည်။ ကောင်မလေးက ကောင်လေးအား လှမ်းပြောသည်။ "မောင် လက်ထပ်ပြီးရင်လည်း ခင့်ကို အခုထက်ပိုပြီး ချစ်ရမယ်နော်"
ကောင်လေးက ချက်ချင်း ကတိပေးသည်။
"စိတ်ချပါ ခင်ရယ်။ မောင်က နဂိုကတည်းက အိမ်ထောင်ရှိတဲ့ မိန်းကလေးတွေကို ပိုပြီး သဘောကျပါတယ်

ဖိုးကံကောင်း
လက်ထပ်ပြီးစ ပုဂ္ဂိုလ်တစ်ဦး ထီပေါက်သည်။ သူငယ်ချင်းဖြစ်သူက ၄င်းကံကောင်းကြောင်း ချီးကျူးသည်။ ထို့နောက် သူငယ်ချင်းက မေးသည်။ "ဒါနဲ့ ထီပေါက်တာသိတော့ မင်းမိန်းမ ဘာပြောသေးလဲ"
ထီပေါက်သူက ဖြေသည်။
"ဟင့်အင်း … ၀မ်းသာလွန်းလို့ ဆွံ့သွားလိုက်တာ ခုထိ စကားမပြောနိုင်သေးဘူး"
သူငယ်ချင်းက ပြောသည်။
"ကြည့်စမ်း၊ ကြည့်စမ်း … ကံကောင်းတဲ့သူတွေများ ဆက်တိုက်ကို ကံကောင်းကြတာပါလား"

အလေလိုက်တဲ့လူ
သင်္ဘောတစ်စင်း မုန်တိုင်းမိပြီး နစ်မြုပ်သွားသည်။ လူတစ်ဦးမှာ ပျဉ်ချပ်တစ်ချပ်တွင် တွယ်ပြီး ပင်လယ်ထဲတွင် တစ်ရက်ကျော်ကြာအောင် မျောနေလေတော့သည်။ သို့သော်လည်း ကံကောင်းထောက်မပြီး ရေစီးကြောင်းက သူ့အား ကျွန်းတစ်ကျွန်းသို့ သယ်ဆောင်သွားသည်။ ထိုလူ ကမ်းပေါ်သို့ ဒယိမ်းဒယိုင် တက်လာချိန်တွင် သင်္ဘောနစ်စဉ်က ၄င်းနှင့် လူချင်းကွဲသွားသည့် ဇနီးဖြစ်သူကို တွေ့လိုက်ရသည်။ ခါးထောက်ပြီး ရပ်စောင့်နေသော ဇနီးဖြစ်သူက ၄င်းဘာမှမပြောနိုင်ခင် လှမ်းအော်သည်။
"(၂၄)နာရီလုံးလုံး ပျောက်နေရအောင် …. တော် ဘယ်နားသွားပြီး အလေလိုက်နေသလဲ ပြောစမ်း"

နေလိုလူ
အိမ်ထောင်သက် (၁)လလောက်ရှိပြီဖြစ်သော သူမတို့ သူငယ်ချင်းကို မိန်းကလေးများ ၀ိုင်းမေးကြသည်။
"ဟဲ့ နင့်ယောက်ျားအကြောင်း ပြောပြစမ်းပါ"
မိန်းကလေးကဖြေသည်။
"ငါ့ယောက်ျားက နေလို ယောက်ျားဟ"
သူငယ်ချင်းများက ၀ိုင်းပြောသည်။
"တယ်လဲ ကောင်းတဲ့ ဥပမာပါလား။ နင့်ယောက်ျားက နေမင်းကြီးလို ကြီးကျယ် မြင့်မြတ်တယ်လို့ ပြောချင်တာပေါ့"
မိန်းကလေးက ရှင်းပြသည်။
"ဟုတ်ပါဘူးဟာ။ နေဆိုတာ မနက်ဖက်ပဲရှိပြီး ညဘက်ဆိုရင် ပျောက်သွားတယ် မဟုတ်လား"

သွားမှဖြစ်မယ်
ဆရာဝန်တစ်ယောက် လက်ထပ်လိုက်သည်။ နှစ်ရက်အကြာတွင် သူငယ်ချင်း ဆရာဝန်တွေက ဖုန်းလှမ်းဆက်သည်။
"ဟေ့ကောင် … ပိုကာဒေါင်းမယ်။ မြန်မြန်လာခဲ့။ ဒီမှာ တစ်အိမ်လိုနေလို့"
ဆရာဝန်က အရေးပေါ် ခွဲစိတ်မှုတစ်ခုအတွက် ဆေးရုံမှ ဖုန်းဆက်ကြောင်း ဇနီးသည်အားပြောသည်။ အလောတကြီး အ၀တ်အစားလဲနေသော ယောက်ျားကိုကြည့်ရင်း ဇနီးဖြစ်သူကမေးသည်။
"ဟိုမှာ တော်တော်လေး အရေးကြီးနေလို့လား မောင်"
ဆရာဝန်က ခပ်တည်တည်ပြန်ဖြေသည်။
"အရေးကြီးတာပေါ့။ ဟိုမှာ ဆရာဝန်(၄)ယောက်တောင် ရောက်နေကြပြီ"

ဒါကဒီလိုရှိပါတယ်
မောင်ခွေးသည် အိမ်စာစာအုပ်ကို ဆရာအားပေးလိုက်ရာ ဆရာက မောင်ခွေး၏ စာအုပ်ကို သေသေချာချာ ကြည့်ပြီးနောက်
"ဟေ့ မောင်ခွေး။ ဒီဟာ မင်းရေးတာလား။ မင့်အဖေလက်ရေးနဲ့တူနေပါလား။ မင်းဘာပြောချင်သေးသလဲ။"
မောင်ခွေးသည်အတန်ငယ်တွေနေပြီးနောက်
"သြော် ကျွန်တော်ရေးတာပါဆရာ၊ နို့ပေမယ့် ဖေ့ဖေ့ဖောင်တိန်နဲ့ရေးလို့ ဖေ့ဖေ့ လက်ရေးဖြစ်နေတာပါ။"


ဟာသပဒေသာ - ၁

ရှက်လို့
ဒီနေ့ အရှက်ပြိုင်ပွဲကျင်းပတာ သမီးပထမရတယ် မေမေ
ဟုတ်လား ။ ဘာတွေဆုချသလဲ သမီး...
မသိဘူး မေမေ ... ရှက်တာနဲ့ ဆုတက်မယူခဲ့ဘူး....

ရောဂါဟောင်း
ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည်
သူ့ဆေးခန်းသို့ပထမဆုံးရောက်လာသည့်လူနာကို စမ်းသပ်ရင်း ရောဂါရှာမရသဖြင့်
ချွေးပြန်လာသည်။
ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်...
ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလားတဲ့
ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစဖူးပါတယ်
ဟုတ်ပြီ။ ဒါဆို အဲဒီရောဂါ ပြန်ထတာပဲ

ရပ်မပေးနိုင်ပါ
ဗျို့ ကားဆရာခဏရပ်ပါဦး။ နောက်က တွယ်စီးတဲ့ လူတစ်ယောက် ပြုတ်ကျကျန်ရစ်ခဲ့လို့။
ကိစ်စမရှိဘူး။ သူ့ဆီက ကားခရပြီးသားပါ။

မောင့်အချစ်ကပိုပါတယ်
ရှင်က ကျွန်မထက် အရက်ကို ပိုချစ်တယ်ပေါ့လေ ၊ ပြောစမ်း။
မိန်းမရယ် မင်းကိုတစ်ရက်မှာ ၂၄ နာရီလုံးချစ်တာပါ။ အရက်ကိုတော့ တစ်နေ့မှ
တစ်ပုလင်းတည်း ချစ်တာပါ။

ဒီလောက်ပဲတက်ဖို့လိုတယ်
ငါ့သား မင်းကျောင်းနေတာ ကြာလှပြီ။ ၁ ကနေ ၁၀ အထိပဲ ရေတက်ပြီး၊ ဒီထက်
ပိုမရေတက်သေးဘူး။ ကြီးလာရင် ဘာလုပ်စားမှာလဲ ။
လက်ဝှေ့ပွဲမှာ ဒိုင်လူကြီးလုပ်စားမယ်။

ကယ်တော်မူပါ
သူငယ်ချင်း၊ ဘာတွေ အလိုမကျ ဖြစ်ပြီး မျက်နှာရှုံမဲ့နေရတာလဲ။
ငါ့ညီလေကွာ ၊ ဆိပ်ကမ်းမှာ အလုပ်သမားဝင်လုပ်နေတယ်လို့ သတင်းကြားတယ်။
ဒါများဗျာ၊ အလုပ်လုပ်တာပဲဟာကို ၀မ်းသာရမှာပေါ့ ။
ဘယ်ဟုတ်မလဲဗျ ၊ ဒီကောင့်ကြောင့် ကျုပ်တို့တမျိုးလုံး အပြောခံရမှာ။
ကျုပ်တို့ အမျိုးထဲမှာ ဘယ်သူမှ အလုပ်လုပ်စားတာ မရှိဘူး။

ဒါလည်းဟုတ်သားပဲ
ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။
ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။
ခင်ဗျားက လူမဟုတ်ဘူးလား။
ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။
ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ။

သူ့ကြောင့်မိုပါ
မင်းတို့ဆိုင်က ကြက်ဥတွေ သေးလှချည်လား၊ ခပ်ကြီးကြီးလေးလုပ်စမ်းပါ။
ဒါကတော့ ကျွန်တော်တို့ ဥတာမဟုတ်လို့၊ ကြက်မကို သွားပြောပါ ခင်ဗျာ။

မှားတက်ပလေ
ဝတ်ချင်သလို ၀တ်နေကြတဲ့ခေတ်ပဲ၊ ဟိုကလာနေတာ အင်္ကျီအကျား၊
ဆံပင်ဖားလျား၊ဘောင်းဘီတို နံ့နံ့ နဲ့ အထီးလား၊ အမလားတောင်
ခွဲလို့မရဘူး။
အဲ့ဒါ... ငါ့သမီးပါ။
အော်... ခွင့်လွှတ်နော်။ ဦးလေးသမီးမှန်း မသိလို့ပြောမိတာပါ။
ဟကောင်ရ... ငါက သူ့အမေကွဲ့။