ScribeFire ကို Text Editor တစ်ခုအနေနဲ့သုံးပြီး Firefox browser ကနေ Blog တွေအလွယ်တကူရေးတင်လို့ရတယ်လို့ Blog တစ်ခုမှာဖတ်လိုက်ရလို့ Firefox မှာ ScribeFire Add-on ကိုရှာပြီး Install လုပ်လိုက်ပါတယ်.
Blog ပေါ်မှာ မြန်မာလိုပေါ်ဖို့ တော်တော်လုပ်ယူရမယ်လို့အရင်ကထင်ခဲ့တယ်.
ScribeFire ကို First time setup လုပ်ပြီးတဲ့အခါ သူ့ရဲ့ Text Editor ထဲမှာ မြန်မာလိုရေးလို့ရနေတာ တွေ့ရတယ်. ဘာ Font လည်းဆိုတာတော့ မသိပါဘူး. ဖြစ်နိုင်တာကတာ့ ကျနော့်စက်ထဲမှာရှိတဲ့ ZawGyi ဖြစ်မယ်ထင်ရရဲ့. ဒါနဲ့ post ကို publish လုပ်လိုက်ပြီး IE နဲ့ပြန်ဖွင့်ကြည့်တော့လည်း မြန်မာလိုဖတ်လို့ရနေတယ်. အင်း. ဇာတ်လိုက်မည်သို့လုပ်လိုက်သည်မသိ. လူဆိုးများမှာ အတုံးအရုံးဆိုသလို. ကဲ. ရသွားတော့လည်းအေးတာပဲ. မရတော့မှပဲဘာကြောင့်ဆိုတာ အကြောင်းရှာတော့မယ်. အကြောင်းရှာတော့ ခေါင်းမှာချာချာလည်မလားပဲ.
တစ်ခုတော့ရှိတယ်. First time setup မှာ account name နဲ့ ကျနော့် gmail password ပေးလိုက်ရတယ်. ဒါကလည်း သဘာဝကျပါတယ်. မဟုတ်ရင် ကိုယ့် blog မှာ Publish လုပ်လို့ဘယ်ရမလဲ. ဒါပေမယ့် ကိုယ့် Gmail ဟာ security မရှိတော့ဘူးလို့ခံစားရတယ်.

No comments:
Post a Comment